Sunday, March 19, 2023

သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၉)


 သိကောင်းစရာ ဓူတင်သာသနာ အပိုင်း(၉)

နိဿဂ္ဂိတွေ အယောင်ဆောင်သူ
*************
{🙏-MA ဦးဇင်း
🏳️-ဆရာတော်}
🏳️-အခုလို စင်ကြယ်မှုကို လိုလားတော်မူရုံမက ဆိုဆုံးမလွယ်ကူပြီး စိတ်ထား ကောင်းတဲ့ရဟန်းတွေရှိသလို တောရကျောင်းကို ရောက်လာလို့ တောရ စည်းကမ်းအရ နေခွင့်ရဖို့ ရည်ရွယ်ချက်နဲ့ တစ်ခဏတာကလေး အယောင် ဆောင် နိဿဂ္ဂိစွန့်တာလည်း ရှိပါသေးတယ် ဦးဇင်း။
🙏-ဘယ်လို အယောင်ဆောင် ရဟန်းမျိုးပါလဲဘုရား။
🏳️-ပြီးခဲ့တဲ့ ပြာသိုလပြည့်နေ့ညနေ ဥပုသ်ပြုပြီးချိန်မှာ ရောက်လာတဲ့ အာဂန္တု ဘုန်းကြီးရဲ့ ဖြစ်စဉ်ကို မှတ်မိတယ်မဟုတ်ဘူးလား။
🙏-မှတ်မိပါသေးတယ်ဘုရား။ သူပိုင် ပိုလျှံနေတဲ့ ပရိက္ခရာပစ္စည်းတွေ၊ စာအုပ် တွေ၊ နာရီတွေ၊ ခြင်ထောင်တွေ၊ ပန်ကာတွေကအစ အားလုံးရောင်းပြီးတော့ ဘဏ်မှာ စာရင်းဖွင့်တယ်တဲ့။ ပြီးတော့ တယ်လီဖုန်းထဲမှာ ငွေထည့်ထားပြီး ဒီကိုကြွလာတာပါဘုရား။ “အရှင်ဘုရား နိဿဂ္ဂိကင်းရှင်းရဲ့လား။ လက်ထဲ အနာမာသ နဝကမ္မဝတ္ထုငွေတွေ ပါလာသေးသလား' လို့ မေးစစ်တော့ “တပည့်တော် အကုန်ရှင်းခဲ့ပါတယ်ဘုရား” လို့ လျှောက်တာ မှတ်မိပါ တယ်ဘုရား။
🏳️-ဟုတ်တယ်။ သူ အကုန်ရှင်းပုံက တစ်မျိုးလေ။ အကုန်ရောင်းထုတ်ပြီးတော့ လက်ထဲငွေ မကိုင်တော့ဘူး။ ဖုန်းထဲထည့်လာတယ်။ ပြီးတော့ မြို့ကျောင်း စွန့်ပြီး တောရသာသနာဘက်ကို ကူးပြောင်းလာတာတဲ့။ အနာဂတ် သာသနာ တော်အတွက် ရင်လေးစရာ ကောင်းလွန်းပါတယ်ဘုရား။
🙏-အခုလို တယ်လီဖုန်းထဲ ငွေတွေထည့်သိမ်းထားပြီးတော့နိဿဂ္ဂိကင်းပြီလို့ ပြောတာ ရပါသလားဘုရား။
🏳️- မရဘူး ဦးဇင်း။ မရဘူး။ ဒါမရဘူး။ ဒီနေရာမှာ တစ်ဖက်ထဲကို ကြည့်လို့ မလုံလောက်ဘူး ဦးဇင်း။ ဝိနည်းမှာ ‘ကယဝိက္ကယ သိက္ခာပုဒ်’ တို့ ‘ရူပိယ သိက္ခာပုဒ်' တို့ ရှိနေပြီးသားလေ။ ‘ကယဝိက္ကယ’ ဆိုတာ ရောင်းတာဝယ်တာမှာ မပါရဘူး။ နောက်ဆုံး ဒီငွေတွေ သာယာတာကကို ဝိနည်းအပြစ် ဖြစ်နေပြီ။ ဒါတွေအားလုံး မစင်မကြယ် ဖြစ်ကုန်ပြီ။ ခေတ်ကြီးက ‘တိုးတက်တယ်’ ‘တိုးတက်တယ်’ ဆိုပြီး တော်တော်ကို ခက်သွားပြီ ဦးဇင်း။
ပါရာဇိကပါဠိ (နှာ-၃၅၀)
ကျမ်းညွှန်း
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရသပြေပင်)
ထပ်ဆင့်ဖြန့်ဝေသူ
အရှင်နန္ဒသိရီ
May be a cartoon of text
All reactions:
4

No comments:

Post a Comment

                                                                                                                                            ...