
-ဒီကနေ့လည်း `ဝိနည်းတည်မှ သာသနာတည်မယ် ´ လို့ ပြောကြ၊ဆိုကြ၊ရေးကြပါတယ်။ဝိနည်း တည်တယ် ဆိုတာ ဘယ်လို တည်တာပါလဲ ဘုရား။

-ဟုတ်ပြီ။ဒါကို သာသနာပိုင် မြောင်းမြဆရာတော်ကြီး မိန့်တော်မူဖူးတာကို ပြောပြမယ်နော်။ဆရာတော်ကြီးက `ဝိနည်းတည်မှဆိုတာ ဘယ်လို တည်မလဲ၊စာအုပ်ကြီးထဲ ဝိနည်းတွေရှိနေတာပဲ၊ဘုရားဟောထားတဲ့ ပါဠိတော်တွေ ဝိနည်းတွေ ရှိနေတယ်။ဒီစာအုပ်ထဲ စာပုံနှိပ်တိုက်က ရိုက်ပြီးတော့ ထားတာ။ထားပြီးတော့ ကျောင်းတကာ့ကျောင်း လှူကြ တန်းကြ။အဲ့သာ်ဘ စာအုပ်ထဲ ဘီရိုထဲ ထည့်ထားတာကို ဝိနည်းတည်တယ်လို့ခေါ်မလား။အဲ့ဒါကို စဥ်းစားကြ။ဝိနည်း တည်တယ်ဆိုတဲ့ ဥစ္စာက ရတာကို ရွတ်တာနဲ့ပဲ ဝိနည်းတည်တယ် ဆိုမလား။ဒါကိာ စဥ်းစားကြ။ရရုံနဲ့လဲ ဝိနည်းတည်တယ် မမည်သေးဘူး။အမှန်ကတော့ အဲ့ဒီဝိနည်းကို ရထားလို့ရှိရင်ဖြင့် ဝိနည်းကိုအလေးပြုကြရလိမ့်မယ်။ရထားတဲ့ ကိုယ်တော်တိုင်း ရထားပြီ ဆိုလို့ရှိရင် ဝိနည်းအလေးပြုကြရလိမ့်မယ်။အဲ့ဒီလို လေးလေးစားစား လုပ်လာကြလို့ရှိရင်ဖြင့် ဝိနည်းတည်တယ်လို့ ဆိုနိုင်တယ်။ဝိနည်းရပါရဲ့၊ဝိနည်းအံ ပါရဲ့၊သိပါရဲ့၊နားလည်ပါရဲ့ မကျင့်ဘူးဆိုလို့ရှိရင် ဝိနည်းတည်မလား။မတည်နိုင်ဘူး။အဲ့ဒါ အခုစည်းဝေးနေတဲ့ ရဟန်းတော်တွေ သာသနာပြုဒကာဒကာမတွေ ကြပ်ကြပ်စဥ်းစားဖို့ လိုတယ်။ရရုံနဲ့ ဝိနည်းမတည်နိုင်ဘူး။သိရုံနဲ့လဲ မတည်နိုင်ဘူး။ရတယ်။သိတယ်။ကျင့်တယ်။အဲ့ဒီလို ကျင့်လာလို့ရှိရင်ဖြင့် ဝိနည်းတည်နိုင်တယ်။

-အလွန် မှတ်သားထိုက်ပါတယ်ဘုရား။
ဝိနည်းလေ့လာနေတဲ့ တပည့်တော်အတွက် အလွန်ကို စိတ်ဓါတ်ခွန်အား ဖြစ်ရပါတယ်ဘုရား။ကျေးဇူးတင်ပါတယ် ဘုရား။

-သတိရလို့ ပြောပြရဦးမယ်။ဓူတင်ကို မြတ်မြတ်နိုးနိုး ဆောင်တော်မူတဲ့ မဟာထေရ် တစ်ပါး မိန့်တော်မူတာ သတိရနေသေးတယ်။

-ဘယ်လို အကြောင်းအရာများလဲ ဘုရား။

-ဝိနည်း ဆိုင်ရာ အကြောင်းပါဦးဇင်း။ဆရာတော်ကြီးက `တပည့်တော်တို့ ဆီကို တောရဆောက်တည်မယ်။ဓူတင်ကျင့်မယ် ဆိုပြီး အနယ်နယ် အရပ်ရပ်က ရဟန်းတွေ လာကြတယ်
ဦးခေမာ၊ `အရှင်ဘုရားတို့နိဿဂ္ဂိ ကင်းရှင်းကြရဲ့လား၊စွန့်စရာ စွန့်ခဲ့ပြီးပြီလား ဘုရား´လို့ မေးတာကို သူတိုလ ဘာမေးနေမှန်း နားမလည်ကြဘူး။ဘာကို ဘယ်လို စွန့်ရမယ်မှန်းလည်း မသိကြတော့ဘူး။တချို့ စာသင်တိုက်က လာကြတာပါ။စာတွေ အများကြီး တတ်ကြတယ်။အတန်းတွေ အောင်ထားကြတယ်။ဝိနည်းမရှိဘဲ ဓူတင်ကို ဘယ်လိုလုပ်ကျင့်ကြမလဲ ဘုရား ´လို့ စိတ်ပျက်လက်ပျက် အသံနဲ့ မိန့်တော်မူဖူးတယ်။

-ဓူတင်ဆောင် ဆရာတော်ကြီးတို့က အဲသလို ရဟန်းများကို ဘယ်ဘိူလုပ်ပေးပါသလဲ ဘုရား။

-အာဂန္တု ကြွလာရင် ဒီမှာ မေးစစ်ရသလိုပေါ့ ဦးဇင်း။သပိတ်၊သင်္ကန်းက အစ နိဿဂ္ဂိကင်းရဲ့လား။လက်ထဲ အနာမာသ နဝကမ္မဝတ္ထုငွေတွေ ပါလာသလား။အကုန်မေးစစ်ပြီးမှ လက်ခံ သင်ကြားပေးကြရတာပေါ့။

-သူတို့ လက်ဝယ်မှာ အခုပါလာတဲ့ ပရိက္ခရာပစ္စည်းတွေ နိဿဂ္ဂိစင်ကြယ်ရင် ပြည့်စုံပါသလား ဘုရား။

-ဒါက နည်းနည်းကျယ်ပြန့်တယ်ဘုရား။သူ့လက်ဝယ်မှာတော့ ကင်းစင်ပြီဟုတ်တယ်။သို့သော် သူလာခဲ့တဲ့ ကျောင်းမှာဖြစ်စေ၊ဒီကနေ ပြန်သွားပြီး နေမယ့်ကျောင်းမှာဖြစ်စေဟသူ အာလယပြတ် မစွန့်နိုင်သေးတဲ့ နိဿဂ္ဂိပစ္စည်းတွေ ရှိနေသေးသလား။ဒါကို စဥ်းစားဖို့ လိုတယ်။ဒီနေရာမှာ သတိရလို့ နဘူးကျင်းဆရာတော်ထံပါး နည်းခံယူဖို့ ကြွလာတဲ့ရဟန်းတစ်ပါးကို နိဿဂ္ဂိစွန့်ခိုင်းတဲ့ အကြောင်း ပြောပြဦးမယ်နော်။

-မှန်ပါ။နဘူးကျင်း ဆရာတော်ကြီးရှေ့မှာ စွန့်တာပါလားဘုရား။

-မဟုတ်ပါဘူး။သိမ်ထဲမှာစွန့်တာပါ။မအပ်မသပ်ဖြစ်တဲ့ နိဿဂ္ဂိ ပစ္စည်းတွေကိုစွန့်ပြီးတဲ့အခါ ဆရာတော်ကြီးက `အရှင်ဘုရား သီတင်းသုံးခဲ့တဲ့ ကျောင်းမှာ အခုလို ဝိနည်းအရ သံသယဖြစ်နိုင်တဲ့ ပစ္စည်းတွေ ရှိသေးသလား´ လို့ မေးတော်မူတယ်။အဲ့ဒီရဟန်းက `တပြည့်တော်ဟငွေစုပြီးဝယ်ထားတဲ့ ကတ်ဆက်တစ်လုံးနဲ့ တစ်နာရီတစ်ခါ အသံမြည်တဲ့နာရီ တစ်လုံးရှိပါသေးတယ် ဘုရား´။
လို့လျှောက်တယ်။
ဆရာတော်ကြီးက `ဒါဆိုရင် အဲ့ဒီပစ္စည်း တွေကိုလည်း အရှင်ဘုရား စွန်နိုင်သေးသလား´ လို့မေးပါတယ်။ရဟန်းက `တပည်တော် ဝိနည်းကို စင်စင်ကြယ်ကြယ် ဖြစ်ချင်တဲ့အတွက် စွန့ပါမယ်ဘုရား။တပည့်တော် အဲ့ဒါတွေကို ဘယ်တော့စွန့် မလဲ ဘုရား´လို့မေးလျှောက်တယ်။ဆရာတော်ကြီးက `အရှင်ဘုရား စွန့်ဖို့ အာသီသ ဆန္ဒပြည့်ဝနေရင် မနက်ဖြန် မနက် ရန်ကုန်ပြန်ပြီး အရင်စွန့်လိုက်ပါ။ပြီးမှ ပြန်ကြွခဲ့ပါ။သပိတ်သင်္ကန်းပါ သံသယရှိရင်စွန့်ပါ၊တပည့်တော် အပ်အပ်စပ်စပ် လှူပါ့မယ်´ လို့ မိန့်တော်မူလိုက်ပါတယ်။

-ဆိုဆုံးမလွယ်ကူတာကို ကြည်ညိုမဆုံး ဖြစ်ရပါတယ်ဘုရား။

-သူတော်ကောင်းများရဲ့ ဂုဏ်ရည်ပေါ့ ဦးဇင်း။နောက်ထပ် ညီအစ်ကို ရဟန်းနှစ်ပါး ထန်းတပင်တောရကို ကြွလာတာရှိသေးတယ်။

-ညီအစ်ကို ရဟန်းနှစ်ပါးက ဘယ်နယ်ကပါလဲ ဘုရား။သူတို့လည်း နိဿဂ္ဂိထိုက်တဲ့ ပစ္စည်းတွေ ပါလာတာပါလားဘုရား။

-သူတို့ ပစ္စည်းနိဿဂ္ဂိထိုက်တာမဟုတ်ဘူး။သူတို့ အခုသီတင်းသုံးရာ ကျောင်းကို အရင်ဘုန်းကြီးတွေက ငွေတွေကိုင်ပြီး မအပ်မစပ်စီမံခဲ့ကြလို့ ကျောင်းကြီး နိဿဂ္ဂိဖြစ်နေတာပါ။ သူတို့နှစ်ပါးက တန့်တည်နယ်ဘက်ကလို့ သိရပါတယ် ဦးဇင်း။

-ကျောင်းကြီးနိဿဂ္ဂိဖြစ်နေရင် ပစ္စည်းစွန့်သလိုမျိုး ကျောင်းကြီးကို စွန့်ပစ်ရတော့မှာပါလားဘုရား။သို့သော်ကျောင်းကြီး နိဿဂ္ဂိ ဖြစ်တယ်ဆိုတာကိုတပည့်တော် တစ်ခါမှ မတွေးဖူးဘူးဘုရား။သာသနာတော်ကြီး အဆင်မှပြေပါတော့မလား ဘုရား။ပြည့်ပြည့် စုံစုံ သိပါရစေဘုရား။

-ကောင်းပါပြီ။အဲ့ဒီရွာကျောင်းက ညီအစ်ကိုဆရာတော် နှစ်ပါးက ရွာရဲ့ သာရေးနာရေး ကိစ္စ အဝဝကို ဆောင်ရွက်ပေးနေကြတာဆိုတော့ ရွာကျောင်းကြီးကိုစွန့်ပြီး တောထဲ သွားလို့လည်း မဖြစ်ပြန်သေးဘူးဘုရား။အဲဒီရွာကျောင်းမှာပဲ နေကြရမှာပါ။နဘူးကျင်းဆရာတော်ကြီး အဆုံးအဖြတ်ပေးတော်မူတာကို နားထောင်ဦးလေနော်။

-ဆရာတော်ကြီး အဆုံးအဖြတ်ကို ခပ်မြန်မြန် သိချင်လှပါပြီ ဘုရား။
*ပြီးခဲ့သည့် ဓမ္မဝိနယပါဠိတက္ကသိုလ်၌ ကျင်းပ အောင်မြင်ခဲ့သည့် ဒသမ အကြိမ်မြောက် ဝိနည်းဆွေးနွေးပွဲ၌ ရန်ကင်းတောရဆရာတော်ကြီးကိုယ်တော်တိုင်ကြွရောက်ပြီး ယခု စာအုပ်အား အုပ်ရေ ၁၀၀
လှူဒါန်းခဲ့ပါသည်။
မိမိလည်း တစ်အုပ် အလှူခံရရှိခဲ့ပါ၏။
ဤစာတို့အား Scan ဖတ်သော software တို့ကိုပင် အသုံးမပြုပဲ လက်ဖြင့်စာရိုက်ပြီး face book စသည့် social media တို့၌ ရေးသား တင်လှူပူဇော်လိုက်ပါ၏။
ရည်ရွယ်ချက်ကား
3-ဓူတင်သာသနာ ကို ပူဇော်ရန်အတွက်လည်းကောင်း ဖြစ်ပါသည်။
မူလ စာရေးသူ ဆရာတော်ကြီးနှင့်
သက်ဆိုင်သူတို့အား ခွင့်တောင်းဖို့ရာ
အခွင့်မသာခဲ့ပါ။
သာသနာ အတွက်ဖြစ်၍
နားလည်ခွင့်လွှတ်မည်ဟု မျှော်လင့်ပါသည်။
မိမိသူတစ်ပါး အကျိုး
ဆောင်ရွက်နိုင်ကြပါစေ
No comments:
Post a Comment