အောက်ခြေ မခိုင်ဘဲ "ဖြစ်,ပျက်" မြင်ဘို့
မကြိုးစားပါနဲ့ဦး...
ပြောချင်တာက
"ညာတပရိညာ"ကို ပိုင်အောင်
အရင်လုပ်စေချင်ပါတယ်။
*****
ဝိပဿနာကျင့်စဉ်တရားတော်
--------------ᕗ◉ᕙ---------------
ဝိပဿနာအားထုတ်ကြတဲ့အခါ...
အဆင့်(၃) ဆင့်ကို မှတ်သားထားဖို့လိုတယ်။
ဒါမှ #ကိုယ်ဟာ_ဘယ်အဆင့်_ရောက်နေသလဲ၊
#အဆင့်အတိုင်း_လုပ်နေသလားဆိုတာ_သိမယ်။
အဆင့်(၃) ဆင့်ကို
《"ပရိညာသုံးပါး "》လို့ခေါ်တယ်၊
ပရိဆိုတာ ... ပိုင်ပိုင်နိုင်နိုင်၊ ,, ညာတဆိုတာ ...
သိတာ၊
လုပ်ငန်းတစ်ခုလုပ်ရင် ပိုင်ပိုင်နိုင်နိုင် သိဖို့လိုတယ်။
(၁) ညာတပရိညာ၊
( ၂) တီိရဏပရိညာ၊
(၃ ) ပဟာနပရိညာ၊
(၁) #ညာတပရိညာ
ညာတဆိုတာ
သိရမယ့်အာရုံလို့ ပြောတာ၊
ဝိပဿနာကျင့်စဉ်
ကျင့်ရင် ဝိပဿနာရဲ့ အာရုံအဖြစ်
သိရမယ့်ဟာကို
အရင်တွေ့အောင် ရှာရမယ်။
တွေ့အောင်လုပ်ရမယ်
ဒီနေရာမှာ ဘယ်ဟာက " ညာတ" လဲ၊
သိရမယ့်ဟာက ဘာလဲ ဆိုရင် " ရုပ်နဲ့နာမ်
" ပဲ။
သတ္တဝါဆိုတဲ့ အာရုံဟာ သိရမယ့် အာရုံမဟုတ်ဘူး၊
#တကယ်သိရမယ့်_အာရုံက " ရုပ်နဲ့နာမ်
" နှစ်မျိုးပဲ။
#ရုပ်ကို_တွေ့အောင်_ရှာနိုင်ရမယ်၊
#နာမ်ကို_တွေ့အောင်_ရှာနိုင်ရမယ်၊
သိရမယ့်ဟာတွေကို
သိရမယ်။
အဲလိုသိတဲ့အခါ
ဘယ်ရှူ့ထောင့်ကနေ သိရမလဲဆိုရင် ...
ရုပ်ရဲ့ ကိုယ်ပိုင် အမှတ်အသားလေးတွေ
ရှိတယ်၊
နာမ်ရဲ့ ကိုယ်ပိုင် အမှတ်အသားလေးတွေ
ရှိတယ်၊
သဘာဝတရားတွေရဲ့ မတူညီတဲ့
အမှတ်အသားတွေ ရှိတယ်။
ဥပမာ- ရုပ်ဆိုရင်...
အအေးနဲ့တွေ့ရင် တစ်မျိုးပြောင်းတယ်၊
အပူနဲ့တွေ့ရင် တစ်မျိုးပြောင်းတယ်။
အဲလို ...
ထင်ထင်ရှားရှား ဖောက်ပြန်ပြောင်းလွဲသွားတတ်တာဟာ, ရုပ်တရားပဲ။
နာမ်ဆိုတာကတော့, အာရုံလေး တစ်ခုပေါ်မှာ ညွတ်,
ညွတ်ပြီးတော့၊ ဦးလှည့် , ဦးလှည့်သွားတဲ့
သဘောပဲ။
ဥပမာပြောရရင်...
အသံလေးတစ်ခု ကြားရရင် -
ကြားတဲ့
အသံဘက်ကို စိတ်ရောက်သွားတယ်၊
ဒါ
...ဦးလှည့်သွားတဲ့ သဘောပဲ။
မြင်ရင်လည်း မြင်တဲ့ဘက်ကို ဦးလှည့်သွားတယ်၊
အနံ့ရလည်းပဲ အနံ့ရတဲ့ဘက်ကို ဦးလှည့်သွားတယ်၊
ဒါဟာ နာမ်ရဲ့သဘော
လက္ခဏာလေးတွေပဲ။
ဒီလို ရုပ်နဲ့
နာမ်တို့ရဲ့ ကိုယ်ပိုင်အမှတ်အသား...
သဘာဝလက္ခဏာလေးတွေကို
ကွဲကွဲပြားပြား သိဖို့လိုတယ်။
စိတ်ငြိမ်တဲ့အရပ်မှာကပ်ပြီး၊ ကိုယ့်ရဲ့ #အာနာပါန
ဝင်လေ ထွက်လေ ကစပြီး၊ မှတ်နေလိုက်တယ်။
ရှူသွင်းလိုက်တဲ့
အချိန်မှာ ...
ရှူသွင်းလိုက်တဲ့ လေက သဘာဝတစ်ခု၊
ရှူသွင်းလိုက်တဲ့လေ ထိလိုက်တဲ့နေရာက သဘာဝတစ်ခု၊
ထိလိုက်လို့ပေါ်လာတဲ့
သိလိုက်တဲ့စိတ်လေးက သဘာဝတစ်ခု၊
ဒီ ( ၃ ) မျိုး ရှိတယ်။
"လေ "လေးကလဲ သူထိတယ်ဆိုတာ မသိဘူး၊
"နှာသီးဖျား"ကလဲ "လေ"လေးက လာထိတယ်ဆိုတာ မသိဘူး
အဲဒီမှာ #မသိတဲ့သဘောတရား ( ၂ ) ခုက #ရုပ်တရား၊
#သိတဲ့_သဘောတရား_တစ်ခုက_နာမ်တရား၊
ရုပ် နဲ့ နာမ်, ဒီလို
ကွဲပြားသွားနိုင်တယ်။
အဲလို ဝင်လေ
ထွက်လေတင် မဟုတ်ဘူး။
မျက်စိက မြင်လဲ (၃) မျိုးပဲ။
မျက်စိရယ်၊ အဆင်း အာရုံရယ်၊ ဒီ (၂)ခု
ဆုံလိုက်တဲ့အခါ
မြင်သိစိတ်
ပေါ်လာတာပဲ။
နားကကြားလဲ (၃)
မျိုးပဲ။
အသံက နားကို
လာတိုက်တဲ့အခါ၊ ကြားသိစိတ် ပေါ်တယ်။
အနံ့ကနှာခေါင်းကိုလာထိတဲ့အခါ၊
နံသိစိတ်ပေါ်တယ်။
နှာခေါင်းကအနံ့ရလဲ
(၃) မျိုးပဲ။
သေချာအာရုံစိုက်ကြည့်မယ်ဆိုရင်...
ဒီလို( ၃)မျိုး ,,. ( ၃)မျိုး ဖြစ်ပေါ်နေတာကို ကွဲကွဲပြားပြား
သိလာအောင်
ကြိုးစားတာဟာ၊
နံပါတ်တစ်ဖြစ်တဲ့
... "ညာတပရိညာ" ပဲ။
ခုနက ဝင်လေ ထွက်လေမှာ
... လေက ရုပ်တရား၊
လေတိုက်သွားတဲ့ ကာယပသာဒက ရုပ်တရား၊
အဲဒီရုပ်တရား (၂)
ခု ...ထိခတ်လို့,
ဖြစ်ပေါ်လာတဲ့ အသိစိတ်လေးက နာမ်တရား။
သတ္တဝါဆိုတဲ့
အထင်ကြီး ပျောက်ပြီး၊
ရုပ် နဲ့ နာမ် ( ၂ )မျိုးပဲ ရှိတာပါလားလို့
သဘောပေါက်လာ
မြင်လာတာက " နာမရူပ
ပရိစ္ဆေဒဥာဏ် "။
အဲလို သတ္တဝါရှိနေတယ်ဆိုတဲ့ အထင်ပျောက်ပြီး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့်၊
ဒါတွေဟာ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းတရားတွေကိုပါ သိရှိနားလည်လာမယ်။
ဒီလိုရုပ်နာမ်
(၂) ခုရဲ့ ဆိုင်ရာအကြောင်းကို၊
သိရှိနားလည်
လာတာဟာ " ပစ္စယပရိဂ္ဂဟဥာဏ် "။
ဒီဥာဏ် (၂) မျိုးဟာ...
ရှူ့မှတ်ရမယ့် အာရုံတွေကို ပိုင်ပိုင်နိုင်နိုင်
သိတဲ့အပိုင်းမို့၊
ဒါကို " ညာတပရိညာ " အဆင့်လို့ပြောတာပဲ။
ဒါတွေကွဲကွဲပြားပြားမသိပဲ၊
ဖြစ်ပျက်သွားရှူ့မယ်
ဆိုရင်၊ အဆင့်ကျော်သွားတာပဲပေါ့။
ဘုရားလက်ထက်က ရှင်ဆန္နမထေရ်မြတ်
ဟာ...
ညာတပရိညာပိုင်းကို ပိုင်ပိုင်နိင်နိုင်မသိပဲ၊ အဆင့်ကျော်ပြီး၊
အနိစ္စ ဒုက္ခ အနတ္တတွေကို
စဉ်းစားတဲ့အခါ...
အနိစ္စ ဒုက္ခ
အနတ္တကိုသိပေမယ့်၊
အဲဒီစိတ်က
ကိလေသာတွေကနေ လွတ်ထွက် မသွားနိုင်ဘူး။
ဘာကြောင့်လဲဆိုတော့...
"ပစ္စယပရိဂ္ဂဟဥာဏ်" နဲ့ "နာမရူပ ပရိစ္ဆေဒဥာဏ်"
တွေကို၊
ပိုင်ပိုင်နိုင်နိုင်မသိပဲ မလေ့ကျင့်ပဲ၊
အထက်ဥာဏ်တွေကို
တက်ဖို့လုပ်လို့ပဲ။
ဒါကြောင့် ဝိပဿနာကျင့်စဉ် ကျင့်ကြမယ်ဆိုရင်...
#ညာတပရိညာ_ဆိုတဲ့ ရှူ့၏စရာအာရုံတွေကို
ပိုင်ပိုင်နိုင်နိုင်သိအောင် အရင်ကြိုးစားကြရမယ်။
ကျေးဇူးတော်ရှင်
ပါချုပ်ဆရာတော်ဘုရားကြီး။
သတ္တဝါ ဟူသရွေ့၊
တရားတွေ့၊ ချမ်းမြေ့သာယာ ရှိပါစေ။
အပိုင်း ( ၁ )
No comments:
Post a Comment