ဥပုသ်စောင့်တယ်ဆိုတာ
ပုထုဇဉ်ပုဂ္ဂိုလ်တွေမှ
ဥပုသ်စောင့်တာ မဟုတ်ဘူး။
မြတ်စွာဘုရား လက်ထက်တော်
အခါကာလတုန်းက သောတာပန်ဖြစ်တဲ့
ဝိသာခါ ကျောင်းအမကြီးတို့လို
သောတ္တာပန်ပုဂ္ဂိုလ်တွေလည်းပဲ
ဥပုသ်စောင့်တယ်။
ဥပုသ်ကိစ္စကို မြတ်မြတ်နိုးနိုးထားပြီးတော့
သီတင်းနေ့ဆို ဥပုသ်စောင့်လေ့
ရှိကြတယ်။
“ ဥပုသ် ဆိုတာ ဘာကို ပြောတာလဲ။ ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဥပုသ်ဆိုတဲ့ စကားလုံးက
မြန်မာစကားစစ်စစ် မဟုတ်ဘူး။
ပါဠိ “ဥပေါသထ” ဆိုတဲ့ စကားလုံးက
လာတာ။
“ဥပေါသထ” ဆိုတာ ပုဒ်ခွဲလိုက်တော့
“ဥပ” နဲ့ “ဝသထ”။
“ဥပ” ဆိုတာ - ကျင့်စဉ်တစ်ရပ်နဲ့
ပြည့်စုံပြီး၊
“ဝသထ”- ကျင့်သုံးနေထိုင်ခြင်းလို့
အဓိပ္ပါယ်ရတယ်။
ဆိုပါစို့။ ရှစ်ပါးသီလ
ဆောက်ဆည်ပြီးတော့
နေတယ်ဆိုတာ
ကျင့်စဉ်တစ်ခု အဓိဋ္ဌာန်ပြီးတော့
နေတာပဲ။
ဒီဥပုသ်စောင့်တဲ့အတွင်းမှာ...
ဒီအင်္ဂါရှစ်ပါးထဲမှာပါတဲ့
အချက်အလက်တွေကို ရှောင်ကြဉ်မယ်။
မလွန်ကျူးအောင်
ထိန်းသိမ်း စောင့်ရှောက်မယ်
ဆိုတဲ့
မွန်မြတ်တဲ့ စိတ်ထားနဲ့
ဒီလို စောင့်သုံးတာ။
ကိုယ်ကျင့်သီလနဲ့ ကျင့်သုံးနေထိုင်ခြင်းလို့
ဒီလိုအဓိပ္ပါယ် ရတယ်နော်။
“ဥပေါသထ” ဆိုတဲ့ စကားလုံးကို
မြန်မာမှုပြုလိုက်တော့
“ဥပုသ်” ဆိုတဲ့ စကားလုံး
ဖြစ်လာတယ်။
ဥပုသ်ဆိုတဲ့စကားလုံးကို
မှန်အောင် ရေးရမယ်ဆိုရင်
အက္ခရာ “ဥ” ၊
ပစောက် တစ်ချောင်းငင်
“ပု” နဲ့
“သ” ကလေး နောက်က သတ်ပြီးတော့
ရေးရတယ်။
- “ဥပုသ်” ။
“ဥပုသ် စောင့်တယ်”
ဆိုတာ
ကိုယ်ကျင့်တရားတွေနဲ့ နေတာ။
ကိုယ်ကျင့်တရားတွေ၊ ကိုယ်ကျင့်သီလတွေကို
“ဥပုသ်” လို့ ခေါ်တယ်။
“စောင့်တယ်” ဆိုတာ...
အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ။
မကျိုး မပေါက် မပျောက် မကျားအောင်
ထိန်းသိမ်းစောင့်ရှောက်တာ။
ဒီလို အဓိပ္ပါယ်
ရတယ်။
ဒီတော့ နံနက်အချိန်မှာ
ရှစ်ပါးသီလကို
ခံယူ ဆောက်တည်လိုက်ကြတယ်။
ဆောက်တည်တယ် ဆိုတာ
ဒီအတိုင်း လိုက်နာမယ်လို့
စိတ်ကို
ဒုန်းဒုန်းချပြီးတော့ သတ်မှတ်တာ။
ဒီကနေ့ ဒီရက်မှာ
ဒီအင်္ဂါရှစ်ပါးအတိုင်း
ဒီစည်းကမ်းချက်အတိုင်း
ငါလိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို
စည်းကမ်းချပြီးတော့
ကိုယ်၊နှုတ်၊နှလုံး သုံးပါးလုံး
ချုပ်တည်းပြီးတော့
စောင့်စည်းတဲ့သဘော ဖြစ်တယ်။
အဓိကအားဖြင့် ကာယကံနှင့်
ဝစီကံ နှစ်ခုကို
ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘော။
ဘာဖြစ်လို့ ဒီလို လုပ်ရတုန်းဆိုတော့
ကာယကံမှု၊ဝစီကံမှု ဆိုတာ
သာမန်အားဖြင့် နေလိုက်လို့ရှိရင်
လွယ်လွယ်ကူကူနဲ့ ကျူးလွန်မိတတ်ကြတယ်။
အဲဒီ လွယ်လွယ်ကူကူနဲ့
ကျူးလွန်မိတတ်တာတွေကို
မကျူးလွန်ရအောင်လို့ စည်းကမ်းချပြီးတော့
ထိန်းသိမ်းစောင့်ရှောက်ပြီးတော့
နေတာမျိုး၊ ဒီလိုဆိုလိုတာ။
ဥပုသ်စောင့်သုံးခြင်းရဲ့
ရည်ရွယ်ချက်ကတော့-
လောဘတွေ လျော့ကျဖို့၊
ဒေါသတွေ လျော့ကျဖို့၊
မောဟတွေ လျော့ကျဖို့။
ဆိုလိုတာက အကုသိုလ်တွေ
လျော့နည်းသွားပြီးတော့
ကုသိုလ်ဘက်က တိုးပွားအောင်
အကျင့်တရားတစ်ခုကို
ဒီနေ့၊ဒီရက် အချိန်ကန့်သတ်ပြီးတော့
စောင့်သုံးကြတာ။
အဲဒီလို စောင့်သုံးတဲ့
ဥပုသ်ရဲ့ အကျိုးကလည်းပဲ
အင်မတန်မှ ကြီးမားတယ်။
မှန်မှန်ကန်ကန်စောင့်သုံးလို့
ရှိရင်
ရရှိအပ်တဲ့အကျိုးက အင်မတန်မှ
ကြီးမားတယ်။
တခြားဘာသာတွေမှာလည်း
သူတို့နည်း၊ သူတို့ဟန်နဲ့
ဥပုသ်စောင့်ကြတယ်။
ဒါ့ကြောင့် ဥပုသ်လို့
ဆိုလိုက်တာနဲ့
အတူတူပဲလို့ ဒီလိုတော့
မအောက်မေ့နဲ့။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-(ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
နန္ဒမာလာဘိဝံသ )
No comments:
Post a Comment