Sunday, March 19, 2023

သိကောင်းစရာဓူတင်သာသနာ အပိုင်း(၁၂)

 


သိကောင်းစရာဓူတင်သာသနာ

အပိုင်း(၁၂)
{🙏=MA ဦးဇင်း
🏳️=ဆရာတော်}
ဓူတင်ကြောင့် ရနိုင်တဲ့အကျိုး
*************
🙏-ဓူတင်ဆောင် ရဟန်းတစ်ပါးရနိုင်တဲ့ အကျိုးကျေးဇူးကိုလည်း သိပါရစေဘုရား။
🏳️- အကျိုးက ၂၈ ပါးရှိတယ် ဦးဇင်း။
🙏-မှန်ပါ အားလုံးသိချင်ပါတယ်ဘုရား။
🏳️-မိလိန္ဒာပဉှာ ပါဠိတော်မှာပြတဲ့အကျိုးကို အရင်ပြောပြမယ်နော်။
(၁) သုဒ္ဓါဇီဝ အသက်မွေးမှု စင်ကြယ်၏။
(၂) သုခဖလ-ချမ်းသာကျိုးရှိ၏။
(၃) အနဝဇ္ဇ -အပြစ်မရှိ၊
(၄) န ပရ-ဒုက္ခာပန-သူတစ်ပါးတို့အား ဒုက္ခမပေး။
(၅) အဘယ - ဘေးမရှိ၊
(၆) အသမ္ဘီဠန-သူတစ်ပါးကို မနှိပ်စက်။
(၇) ဧကန္တဝမိုကံ - အမှန်ကြီးပွား၏။
(၈) အပရိဟာနိယ - ကုသိုလ်တရား
မဆုတ်ယုတ်။
(၉) အမာယာ - မာယာစဉ်းလဲခြင်း
မရှိ။
(၁၀) အာရက္ခာ - သေခြင်းကို စောင့် တတ်၏၊
(၁၁) ပတ္ထိတဒဒ - တောင့်တတိုင်းပေး၏။
(၁၂) သဗ္ဗသတ္တ ဒမန - သတ္တဝါအားလုံးကို ဆုံးမတတ်၏။
(၁၃) သံဝရဟိတ - စောင့်စည်းသော
အကျိုးရှိ၏။
(၁၄) ပဋိရူပ - လျောက်ပတ်သော အကျင့်ဖြစ်၏၊
(၁၅) အနိဿိတ - ကိလေသာတို့ မမှီမကပ်နိုင်။
(၁၆) ၀ိပ္ပမုတ္တ - ကိလေသာမှ လွတ်၏။
(၁၇) ရာဂက္ခယ - ရာဂ ကုန်၏၊
(၁၈) ဒေါသက္ခယ - ဒေါသကုန်၏၊ (၁၉) မောဟက္ခယ - မောဟ ကုန်၏။ (၂၀) မာနပ္ပဟာန - မာန်တက်မှုကို ပယ်၏။
(၂၁) ကုဝိတက်ကစ်ဆဒေန - မိစ်ဆာဝိတကျကို ဖွတျ၏။
(၂၂) ကင်္ခါဝိတရဏ - ယုံမှားသင်္ကာမှ ကူးမြောက်၏။
(၂၃) ကောသဇ္ဇဝိဒ္ဓံသန - အပျင်းကို ပယ် ဖျောက်၏။
(၂၄) အရတိပ္ပဟာန - မမွေ့လျော်ခြင်းကို ဖျောက်၏။
(၂၅) ခမန - သည်းခံတတ်၏။
(၂၆) အတုလ - အတုမရှိမြတ်သောအကျင့် တည်း။
(၂၇) အပ္ပမာဏ - မနှိုင်းယှဉ်အပ်သောဂုဏ်ရှိ၏။
(၂၈) သဗ္ဗဒုက္ခက္ခယ ဂမန - ဒုက္ခကင်းရာ နိဗ္ဗာန်သို့ ရောက်၏တဲ့
ဦးဇင်း။
🙏-သေချာမှတ်သားပါ့မယ် ဘုရား
🏳️-ကောင်းပါပြီ။ ဒါကြောင့် ဓူတင်ဆောင်ရင် ကိလေသာတွေပါးပြီး ကုသိုလ်တွေ တိုးတာပေါ့ ဦးဇင်း။ သို့သော် မိမိဓူတင်ဆောင်ကြောင်းကို လူတွေ့တိုင်း ပြောလို့တော့ မရဘူးနော်။
🙏-ပြောရင် ဘာဖြစ်ပါသလဲဘုရား။
🏳️-ဓူတင်မှာ အလိုလောဘနည်းခြင်းဆိုတဲ့ ဓုတင်္ဂ အပိစ္ဆတာဂုဏ်ရည် ပျက်တာ ပေါ့ဘုရား။
🙏-ဒါဆိုရင် တချို့စာစောင်မဂ္ဂဇင်း၊ သတင်းစာတွေမှာ ဘယ်ဆရာတော်က ဓူတင်ဘယ်နှစ်ပါး ဆောင်တော်မူတယ်လို့ ဓာတ်ပုံတွေနဲ့ ရေးကြတာ
ဓုတင်္ဂ အပိစ္ဆတဂုဏ်ရည် ပျက်တာပါလားဘုရား။
🏳️-ဒီနေရာမှာ စဉ်းစားရမှာက စာရေးသူကိုယ်တိုင် အကြည်ညိုလွန်ပြီး ရေးတာ လား။ ဓူတင်ကျင့်သူကပဲ ရေးခိုင်းတာလား။ ဒါတော့ သူတို့ကိုယ်စီရဲ့ စိတ်စေတနာပေါ် မူတည်ပါမယ်ဘုရား။ ဒီလိုဖြစ်စဉ်မျိုး ရှိတော့ရှိတတ် ပါတယ်။
🙏-ဘယ်မှာရှိခဲ့တာပါလဲဘုရား။
🏳️-နဘူးကျင်းဆရာတော်ကြီး
မကျန်းမမာဖြစ်စဉ်က ရန်ကုန်မြို့ သန်လျင် တံတားရဲ့အလယ်မှာ အရုဏ်ယူတော်မူတဲ့ သတင်းစကားကြောင့် တချို့သော ရဟန်းတွေက “နဘူးကျင်းဆရာတော်က လူသိရှင်ကြား လူတွေကြား အိမ်တွေကြားမှာ ဓူတင်ဆောင်ပြသလို ဖြစ်မနေပေဘူးလား” လို့ အပြစ် တင်ခဲ့ကြဖူးတယ်ဘုရား။
🙏-တပည့်တော် အခုမှ ကြားရတာပါဘုရား။
🏳️-ဟုတ်ပါလိမ့်မယ်။ ဆရာတော်ကြီးရဲ့ အနီးနေတပည့်ကြီးများ မိန့်ကြားတော် မူတာက “ဆရာတော်ကြီးနှင့် အနီးနေလေ ကြည်ညိုစရာတွေ တိုးတွေ့လေ ဦးခေမာ။ ဆရာတော်ကြီး ကျင့်စဉ်တွေကို ကျင့်သုံးတော်မူနေတာက လာဘ် လာဘ အမျိုးမျိုးရဖို့ မဟုတ်ဘူး။ သက္ကာရ သူတစ်ထူးရဲ့ ပူဇော်အထူးကို ခံယူရဖို့လည်း မဟုတ်ဘူး။ သိလောက လူသိများပြား ကျော်ကြားလိုလို့လည်း မဟုတ်ဘူး ဒီလောကဂုဏ်တွေ ရဖို့အတွက် ဆရာတော်ဘုရားကြီး တစိုးတစိမျှ ဆောင်ရွက်တာ မတွေ့ခဲ့ရပါဘူးဘုရား။ ဆရာတော်ကြီးရဲ့ စိတ်ဓာတ်တော် ကိုတော့ တပည့်တော်တို့ ဘယ်သိနိုင်မလဲ။ သို့သော် လုပ်ရပ်ကတော့ မျက်မြင်ပဲလေ။ မိန့်တဲ့စကားတွေ ကြားနေမှတ်သားနေ ရတာပဲလေ။ ဆရာတော်ကို ကြည်ညိုလို့ ဆောင်းပါး၊ ကဗျာ၊ လင်္ကာတွေကို
မရေးကြဖို့ မိန့်တော်မူနေတယ်။ ဆရာတော်ပြုစုတော်မူတဲ့ ကျမ်းစာအုပ်တွေမှာ ဓာတ်ပုံမထည့်ကြဖို့ အမြဲသတိပေးတော်မူနေတယ်။ သိက္ခာထပ်တာမျိုးကို သံသယမရှိရင် လုပ်ဖို့မလိုပါဘူးလို့ ပြတ်ပြတ်သားသားကြီးကို မိန့်တော် မူနေတယ်လေ” လို့ ပြောပြဖူးတယ်။
🙏-တင်ပါဘုရား။ ။
🏳️-ဟုတ်တယ်။ ဆရာတော်ကြီးမှာ ဝါကြွား ပလွှားမှုမရှိတဲ့ဂုဏ်။ ပကတိ ရိုးသား တော်မူတဲ့ဂုဏ်၊ ရောင့်ရဲလွယ်တဲ့ဂုဏ်တွေက ပေါ်လွင်တယ်။ ဆရာတော်ကြီးရဲ့ နှလုံးသွင်းကတော့ ဘယ်လောက် အခက်အခဲရှိနေရှိနေ၊ ဘယ်လောက် မမာမကျန်း ဖြစ်နေဖြစ်နေ သီလစင်ကြယ်ဖို့နှင့် ကျင့်ဆဲဓူတင်အကျင့်ကို မပျက်ဖို့ကိုဘဲ အထူးအာရုံပြုထားပုံက ပေါ်လွင်ပါတယ် ဦးဇင်း။
🙏-ဒါဆိုရင် မရင်းနှီးတဲ့ ရဟန်းတစ်ပါးပါးက “အရှင်ဘုရား ဓူတင်ဆောင်ပါ သလား”လို့ မေးရင် ဘယ်လိုဖြေရမလဲဘုရား။
🏳️-ဒီမေးခွန်းကို နဘူးကျင်းဆရာတော်ထံပါးကို မြစ်သား ဦးကောသလ္လ လျှောက်ဖူးတယ် ဦးဇင်း။ ဆရာတော်ကြီး ဖြေကြားပေးတာက “အရှင်ဘုရား ဤမေးခွန်းကို အခြားရဟန်းအား မေးထိုက်ပါသလားဘုရား'လို့ ပြန်မေး ရမယ်တဲ့။ အဲသလို ပြန်မေးတာသည်ပင် အဖြေစကား ဖြစ်ပါတော့တယ်တဲ့။
🙏- မှန်ပါဘုရား။ ဒီမေးခွန်းကို လူတစ်ယောက်ယောက်က မေးရင် ဖြေကြားနည်း ရှိပါသေးသလားဘုရား။
🏳️- ရှိတယ်။ “အို . . ဒါယကာကြီး ဤမေးခွန်းမျိုးကို ရဟန်းများအား မမေးထိုက် ဟု ထင်ပါသည်” လို့ ဖြေရမယ်တဲ့ဘုရား။ သို့သော် ကိုယ်တိုင် ဓူတင်ကျင့်လို တဲ့အတွက် စိတ်စေတနာကောင်းနဲ့ မေးမြန်းစုံစမ်းလာတဲ့ ရဟန်းဖြစ်နေမယ် ဆိုရင်တော့ သူ့ကို ချီးမြှောက်တဲ့အနေနဲ့ ဖြေကြားပေးရမယ်။ လမ်းညွှန်ပေးရ မယ်။ သူ ဓူတင်ကျင့်ချင်စိတ်တွေ တိုးပွားလာအောင် အားပေးရမှာပါဘုရား။
ကျမ်းကိုး။ (၂) ဓုတင်္ဂပဥ၊ အနုမာနဝဂ္ဂ၊ မိလိန္ဒပဥပါဠိ ( နှာ-၃၃၃) ၂။ အပိစ္ဆတာဒိဝဏ္ဏနာ၊ ရထဝိနီတသုတ္တဝဏ္ဏနာ၊ မူလပဏ္ဏာသအဋ္ဌကထာ - ဒုတိယတွဲ (နှာ-၄၆) (၆၃) အပိစ္ဆတကထာဝဏ္ဏနာ၊ ဧကကနိပါတအဋ္ဌကထာ (နှာ-၅၈)
အရှင်ခေမာနန္ဒ
(ရန်ကင်းတောရ သပြေပင်)
ထပ်ဆင့်မျှဝေသူ
အရှင်နန္ဒသိရီ
May be a cartoon of text
All reactions:
3

No comments:

Post a Comment

                                                                                                                                            ...