Wednesday, April 5, 2023
















 

                                                    










                                               



                                                 

                                                   



















 

Tuesday, March 21, 2023

ကိုယ်စောင့် ကမ္မဌာန်း လေးပါး

 


ကိုယ်စောင့် ကမ္မဌာန်း လေးပါး

------------------

ဘယ်အချိန် မှာဘဲ ဖြစ်ဖြစ်

ဘယ်နေရာ မှာဘဲ ရောက်ရောက်

ကိုယ်စောင့် ကမ္မဌာန်း လေးပါး ကို

ပွားနိုင်ပါတယ်...

ကိုယ်စောင့် ကမ္မဌာန်း လေးပါး ဆိုတာ

. ဗုဒ္ဓါ နုဿတိ

. မတ်ေတာ ဘာဝနာ

. အသုဘ ကမ္မဌာန်း

. မရဏ နုဿတိ

တို့ကို ပွားများခြင်း ဖြစ်ပါတယ်...

. ဗုဒ္ဓါ နုဿတိ

ဘုရား ဂုဏ်တော် ကိုးပါး၊ ဂုဏ်တော်ကွန်ခြာ၊

အရဟံ ဂုဏ်တော် တခုခု ပွားခြင်း

. မတ်ေတာ ဘာဝနာ

မေတ္တာ သုတ်ရွတ်ခြင်း၊ အရပ် ဆယ်မျက်နှာ မေတ္တာပို့ခြင်း

. အသုဘ ကမ္မဌာန်း

မိမိကိုယ်ကို အသုဘ (မတင့်တယ်) ဟု

ဆင်ခြင်၍

တောင့် ရမည့် တရား

တင်း ရမည့် တရား

ပုတ် ရမည့် တရား

ပွ ရမည့် တရား

အေးစက် ရမည့် တရား

လောင်ကျွမ်း ရမည့် တရား

လောက်စား ခံရမည့် တရား

မီးရိူ့ ခံရမည့် တရား...

. မရဏ နုဿတိ

ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်

ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်

ငါသည် မုချ သေရမည် အချိန်ပိုင်းသာ လိုတော့သည်

အသေမဦးမှီ ဉာဏ်ဦးအောင်

ကျိုးစား အားထုတ်ပါတော့မည်...

မှတ်ချက်

--------

တောထဲ တောင်ထဲ

ရှေးဘုရား များ

ဆိတ်ငြိမ် ခြောက်ခြားဖွယ်ရာ

နေရာများမှာ တရားအားထုတ်လျှင်

မမြင်သင့် မမြင်ဘူး တာတွေ မြင်ရ

မကြားသင့် မကြားဘူးတာတွေ ကြားရ

မဖြစ်အောင်လို့

ကိုယ်စောင့် ကမ္မဌာန်း လေးပါး ကို

အားမထုတ်မှီ ပြုလုပ်ရပါတယ်လို့

သင်ကြားပေးခြင်း ခံရဘူးပါတယ်

cred

ဦးမြင့်ခိုင် #SaiMyoWin&SAI MYO WIN

Credit

#ဆင်းရဲချမ်းသာအဖြေရှာ

 


#ဆင်းရဲချမ်းသာအဖြေရှာ

_______________________

ဘဝသစ်ရလာလျှင် "ဇာတိ" ဟု ခေါ်၏။ လူ့ဘဝဖြစ်ဖြစ် နတ်ဘဝဖြစ်ဖြစ် ဘယ်ဘဝပဲ ရရ ဇာတိသာတည်း။ ဇာတိရလာသောကြောင့် သေရခြင်း ဖြစ်၏။ ထို့ကြောင့် ဇာတိသည် အကြောင်း၊ သေရခြင်းသည် အကျိုးတည်း။

ခန္ဓာကို ဉာဏ်နှင့် ကြည့်လျှင် အမြဲတမ်း အိုနေသည်ကို တွေ့ရ၏။ ထို့ကြောင့် မနေ့က ခန္ဓာနှင့် ဒီနေ့ခန္ဓာ မတူပေ။ ဘာကြောင့်နည်း၊ ဇရာက နှိပ်စက်သောကြောင့်တည်း။ ဇရာဆိုသည်ကား အိုမင်းခြင်းတည်း။ ဇရာနှိပ်စက်သောကြောင့် အသက်ကြီးလာလေ ပိုဆိုးလေပင်။

ထို့ကြောင့် ခန္ဓာကြီးသည် အိုမင်းလာလျှင် ရွာပျက်ကြီးကဲ့သို့ ဖြစ်သွားလေသည်။ ရွာပျက်ကြီးကို ကြည့်လျှင် တချို့အိမ်က ယိုင်၊ တချို့အိမ်က ပြို၊ တချို့အိမ်က ပျက်ပြီး ပုံပျက်ပန်းပျက် ဖြစ်နေတော့၏။

အိုမင်းလာသော ခန္ဓာသည်လည်း မျက်စိက မှုံ၊ နားက ထိုင်း၊ ခါးက ကိုင်း၊ ဆံပင်က ဖြူ၊ အရေက တွန့်ပြီး ပုံပျက်ပန်းပျက် ဖြစ်သွားတော့၏။

ထို့ကြောင့် အသက် ၄၀- ကျော်လျှင် တစ်ပုံလဲသွား၏။ အသက် ၆၀- ကျော်ရင် နှစ်ပုံ လဲသွား၏။ အသက် ၈၀- ကျော်လျှင် - ပုံ လဲသွား၏။ ဤကား ဇရာတည်း။ ဇရာပြီးလျှင် သေရလေတော့သည်။ ဘာကြောင့် သေရသနည်း၊ ဇာတိ ( ဘဝသစ်) ရလာသောကြောင့်တည်း။

အမေးအဖြေ

--------------

တနေ့တွင် အရှင်သာရိပုတ္တရာ သီတင်းသုံးသည့် နေရာသို့ ဘာသာရေးဆရာ တစ်ယောက် ရောက်လာ၏။ သာမဏ္ဍကာနိဟု ခေါ်၏။ သူက အရှင်မြတ်နှင့် ဝါဒမတူသော ဘာသာရေးဆရာတစ်ယောက်ပင် ဖြစ်၏။ သို့သော် ရင်းနှီးမှု ရှိကြသောကြောင့် တရားဆွေးနွေးကြ၏။ ယင်းသို့ တရားဆွေးနွေးရင်းဖြင့် အရှင်သာရိပုတ္တရာကို မေးလေသည်။

" အရှင်ဘုရား ချမ်းသာချမ်းသာလို့ ပြောကြတယ်၊ ချမ်းသာဆိုတာ ဘာပါလဲ"

" ဘဝသစ်၌ မဖြစ်မှုသည် ချမ်းသာပဲ"

" အရှင်ဘုရား ဒါဆိုရင် ဆင်းရဲဆင်းရဲလို့ ပြောကြတယ်၊ ဆင်းရဲဆိုတာ ဘာပါလဲ"

"သာမဏ္ဍကာနိ ရေ ... ဘဝသစ်၌ ဖြစ်မှု သည် ဆင်းရဲပဲ" ဟု အနှစ်ချုပ်၍ ရှင်းပြလိုက်လေသည်။

ဇာတိသည် ဒုက္ခ၊ ဇာတိ မရှိမှုသည် သုခဟု ဆိုလိုပါသည်။ မှန်၏။ ဇာတိ ရလာသောကြောင့် သေရ၏။ သေရသောကြောင့် ဆင်းရဲ၏။ ဇာတိ မရှိလျှင် မသေရတော့။ မသေရလျှင် ထာဝရ ချမ်းသာသွားတော့၏။ ထို့ကြောင့် ဇာတိသည် ဒုက္ခ , ဇာတိ မရှိမှုသည် သုခဟု ဖြေကြားလိုက်ခြင်း ဖြစ်သည်။ ယင်းဖြေကြားချက်ကြောင့် ဘာသာရေးဆရာသည် အရှင်သာရိပုတ္တရာကို သဘောကျပြီး ဦးညွတ်လိုက်လေတော့သည်။

နိဗ္ဗာန်မှာ ဇာတိ မရှိ

---------------------

ဒုက္ခချုပ်ငြိမ်းဖို့အတွက် အရေးကြီးဆုံးကား ဇာတိချုပ်ငြိမ်းရေးပင် ဖြစ်သည်။ ဇာတိချုပ်ဖို့အတွက် လောဘ ဒေါသစသော ကိလေသာတရားဆိုးတို့ကို ပယ်သတ်ရမည် ဖြစ်၏။

ကိလေသာတရားဆိုးတို့ကို ပယ်နိုင်ဖို့အတွက် ဝိပဿနာ အားထုတ်ရမည် ဖြစ်သည်။ ဝိပဿနာဆိုသည်ကား ခန္ဓာဉာဏ်ရောက်တရားတည်း။ ခန္ဓာကို ဉာဏ်နှင့် ကြည့်မှ အနိစ္စကို မြင်မည် ဖြစ်၏။ အနိစ္စကို မြင်မှ ဒုက္ခကို မြင်မည် ဖြစ်၏။ ဒုက္ခကို မြင်မှ တွယ်တာမှု ချုပ်ငြိမ်းမည် ဖြစ်၏။

တွယ်တာမှုကိုပင် "တဏှာ" ဟုခေါ်၏။ တဏှာချုပ်လျှင် ဘဝသစ် ( ဇာတိ) ဆိုသည်မှာလည်း မလာတော့။ ဘဝသစ် ( ဇာတိ) မလာလျှင် သေခြင်းတရားလည်း မရှိတော့ပေ။ သေခြင်းတရား မရှိလျှင် ထာဝရ ချမ်းသာသွားတော့၏။ ယင်းချမ်းသာကိုပင် " နိဗ္ဗာန်" ဟု ခေါ်ပါသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"

________________________

#အင်ကြင်းမြိုင်ဆရာတော်

#အရှင်ဒေဝိန္ဒာဘိဝံသ

                                                                                                                                            ...